(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ပေါက်တောမြို့တွင် ကျင်းပ

ပေါက်တော     ဒီဇင်ဘာ   ၁၅

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပေါက်တောမြို့ရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက ဖတ်ကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ၁၉၇၅ ခုနှစ်မှ စတင်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် (၄၈) နှစ်မြောက် တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)