အမ်း ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ တို့ပူးပေါင်း၍ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ရွေအမ်းတောင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှောင်နှင့်LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ အဖွဲ့မှ ဧရိယာညှိနှိုင်းရေးမှုး ဦးငြိမ်းချမ်းကိုကို တို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးမင်းဦးက အကြမ်းဖက်မှုဆိုင်ရာ အကာအကွယ်ပေးမှုများအကြောင်း ဟေ ာပြောခဲ့သည်။
ယင်းနောက် ရိုးမလုံမေ အမျိုးသမီးကွန်ယက်မှ အမျိုးသမီးများက သိလိုသည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်းပြန်/ဆက်