ဘူးသီးတောင်မြို့၌(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပ

ဘူးသီးတောင် ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ အားကစားပြိုင်ပွဲများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကျင်းပရာတွင် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ချောတိုင်တက်ပြိုင်ပွဲ၊ ကျားလတ်မီတာ(၁၀၀) ပြိုင်ပွဲ၊ မလတ်မီတာ(၁၀၀)ပြိုင်ပွဲ၊ မလတ်ကွမ်းသီးကောက်ပြိုင်ပွဲ၊ ကျားငယ်/မငယ်မုန်းကိုက်ပြိုင်ပွဲနှင့် သံဗုံးရိုက်ပြိင်ပွဲများဖြင့် အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား ၂၀၂၂-ခုနှစ်ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့်(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)