ကျိန္တလီမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငုဝါလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ကျိန္တလီ  ဒီဇင်ဘာ  ၁၅

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုကသောအားဖြင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် မြို့စည်ပင် သာယာရေးအဖွဲ့၏ အမှတ်(၁)ရပ်ကွက်ရှိ ငုဝါလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဦးစီးအရာရှိ ဦးအောင်ဇံဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနိုင်မင်းအေးက ငုဝါလမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ငုဝါလမ်းကွန်ကရစ် လမ်းသစ်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ မြို့မိမြို့ ဒေါက်တာမောင်မောင်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ငုဝါလမ်းကွန်ကရစ်လမ်းသစ်ကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ဂွမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဦးစီးအရာရှိ ဦးအောင်ဇံဟိန်း၊ ကျိန္တလီမြို့စခန်းမှူး ဦးဗိုလ်ဗိုလ်ကျော်၊ လှထွန်းဖြူဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလှထွန်းဖြူ၊ မြို့မိ မြို့ဖ ဒေါက်တာ ဦးမောင်မောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကြသည်။ 

အဆိုပါကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်ခွင့် ပြုရန်ပုံငွေဖြင့် လှထွန်းဖြူဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်(၁၁၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)လက်မရှိပြီး ခွင့်ပြုငွေကျပ်သန်း (၅၄.၃၁၁) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ကျိန္တလီ(ပြန်/ဆက်)