သံတွဲမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

သံတွဲ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့မအားကစားကွင်းရှိ အားကစားခန်းမ၌ စတင်ကျင်းပသည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအနက် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို  ယနေ့နံနက်မှ စတင်ကျင်းပလျက်ရှိပြီး မီတာ ၂၀၀၊ မီတာ၄၀၀ အမျိုးသား၊ အမျိုးသမီး အပြေးပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲကို မနက်ဖန် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။

သံတွဲမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အားကစားနည်းအလိုက် ပြိုင် ပွဲများသို့ အခြေခံပညာကျောင်းများမှ အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဒီဇင်ဘာ ယနေ့ညနှင့် မနက်ဖန်ညများတွင် ငပလီမြို့တွင် စင်တင်တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)