သံတွဲမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် CEDAW, GENDER , NESPAW အသိပညာပေးအခမ်းအနား ကျင်းပ

သံတွဲ   ဒီဇင်ဘာ   ၁၄

သံတွဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သံတွဲခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် CEDAW, GENDER , NESPAW အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ကလေးသူငယ်များ၏အခွင့်အရေး (၄) ရပ်ဖြစ်သော အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် ၊ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ကျောက်ဖြူ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် သံတွဲခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်ဆိုင်ရာ ဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာများ၊ အမှုဖြစ်ပွါးသည့် ကလေးသူငယ်များအတွက် အကျင့်စာရိတ္တကောင်း/မကောင်း ထောက်ခံချက်များတောင်ခံမှု အဆင်ပြေချောမွေ့စေရေးတို့အား ကူညီဆောင်ရွက်ပေးရေး၊ ခရိုင်တစ်ခုခြင်းအလိုက် ကလေး သူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းနှင့် အစိုးရမူလတန်းကြို ကျောင်းတစ်ကျောင်း ရရှိရေးဆိုင်ရာများကို ဆွေးနွေးကြရာ သံတွဲခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် CEDAW, GENDER , NESPAW အသိပညာပေးအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောက်ဖြူ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် ကျားမ‌ရေးရာ အခြေခံသဘောတရားများ၊ အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာများ၊လူမှုဝန်ထမ်းဦးစီးဌာမှဆောင်ရွက်နေသည့် CEDAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်ပါအချက်အလက်များအား ပြည်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်