ပုဏ္ဏားကျွန်းမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၁၄

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းကစ၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အားကစားကွင်းနှင့်မြို့ နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခြံဝင်း၌ကျင်းပလျက်ရှိသည်။

မြို့နယ်အားကစားကွင်းတွင် အလွတ်တန်း(အမျိုးသား)ဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခြံဝင်းတွင်အလွတ်တန်း(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ကျင်းပလျက်ရှိပြီး၊ ဘော်လီဘောပြိုင်ပွဲတွင် အသင်း(၆)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများကို ဒီဇင်ဘာ(၁၅)ရက်နေ့တွင်ကျင်းပမည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)