အမ်း ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် အမ်းခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီဆောင်ရွက်ရခြင်းနှင့် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦးနှင့် မြို့နယ်ဦးစီးမှူး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးကျော်မင်းထွန်းတို့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဖွဲစည်း၍ သင်တန်းပေးဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့တက်ရောက်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်ကျေးရွာများ၏ လူဦးရေစာရင်းပြည့်စုံမှန်ကန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း