မောင်တော ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့မှ ညွန်ကြားချက်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချမှတ်ဆုံးဖြတ်ထားသောလမ်းညွန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြီး မြို့သန့်ရှင်းသာယာလှပစေရေး၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းမကြီးအနီးရှိ နေအိမ်များတွင် ပွင့်လင့်ရာသီရောက်ပြီဖြစ်သဖြင့် ဥပဓိရုပ်ကောင်းမွန်စေရေး ဆေးများသုတ်ရန်လိုအပ်ပါကြောင်း၊ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို တစ်မျိူးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ဆက်လက်ကျင်းပမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက လုပ်ဆောင်မည့်လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး