သံတွဲ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂ ခုနှစ်ဒီ ဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီထံမှသိရသည်။
(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ငပလီမြို့၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်ည များတွင် စင်တင်တေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး သံတွဲမြို့မ အားကစားကွင်းတွင် နံနက် ၈ နာရီမှစတင်၍ပျော်ပွဲ ရွှင်ပွဲအဖြစ် အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ရက်နေ့နံနက် ၈ နာရီအချိန်တွင် ဒွါရာဝတီ မြို့နယ်ခန်းမ၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲကိုကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)