အမ်းမြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကျင်းပ

အမ်း ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာ တို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကို ရွေအမ်းတောင်ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှောင်နှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း-မြန်မာအဖွဲ့မှ ဧရိယာညှိနှိုင်းရေးမှုး ဦးငြိမ်းချမ်းကိုကိုတို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးမင်းဦးက အကြမ်းဖက်မှုဆိုင်ရာအကာအကွယ်ပေးမှုများအကြောင်း ဟောပြောခဲ့သည်။ ယင်းနောက် ရိုးမလုံမေအမျိုးသမီးကွန်ယက်မှ အမျိုးသမီးများက သိလိုသည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း