ဘူးသီးတောင် ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၄)ရပ်ကွက်ရှိ မေဃဝတီလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မေဃဝတီလမ်း၌ ကျင်းပပြုလုပ်သည်။
လမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကား ပြောကြားပြီး ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ဇံက ဘူးသီးတောင်မြို့နယ်ရှိ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေဃဝတီလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးရခြင်းအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စိုင်းဒင်အားမာန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလှသိန်းမောင်မှ မေဃဝတီလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မေဃဝတီလမ်းနေ ပြည်သူဒေါ်သန်းအေးခင်က ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ဇံက (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ဂုဏ်ပြုအထိမ်းအမှတ် အလံများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးကိုလည်းကောင်း၊ စိုင်းဒင်အားမာန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလှသိန်းမောင်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် ညွန်ကြားရေးမှူး ဦးခင်မောင်ဇံနှင့် တာဝန်ရှိသူများကိုလည်းကောင်း ပေးအပ်ခဲ့သည်။
ထို့နောက် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့ ်မေဃဝတီလမ်းကွန်ကရစ် လမ်းသစ်အား ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကွန်ကရစ်လမ်းသစ်အား လှည်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ မေဃဝတီလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး စိုင်းဒင်အားမာန် ဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘူးသီးတောင် မြို့နယ်တွင် အချက်အချာကျသည့် ဘူးသီးတောင်-မောင်တောသွားရာ လမ်းမကြီး၏ ယာဉ်ကြောပိတ်ဆို့မှုအား ရှောင်ဖယ်နိုင်သော လမ်းဖြစ်သည့်အတွက် အရေးပါသည့် ကွန်ကရစ်လမ်းသစ်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)