ပေါက်တောမြို့နယ်အတွင်း IDP Camps များနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (၅၃၉၆) ဦး ထိုးနှံပေးပြီးဖြစ်

ပေါက်တော ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myanmar Copharm) ကျောင်း အခြေပြု (ပထမ) အကြိမ် ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံကြသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့သည်။

အဆိုပါ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ကျောင်းအခြေပြု (ပထမ) အကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ငှက်ချောင်း(၁) IDP စခန်းမှ (၁၅၁၁) ဦး၊ ငှက်ချောင်း(၂) IDP စခန်းမှ (၁၃၂၃) ဦးနှင့် အနောက်ရဲ IDP စခန်းမှ (၈၅၄) ဦးတို့ လာရောက်ထိုးနှံခဲ့ကြပြီး ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ စုစုပေါင်း (၅၃၉၆) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)