မာန်အောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပ

မာန်အောင် ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ အားကစားပြိုင်ပွဲများဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ