မြောက်ဦး ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင်ပြည်နေ့တွင် ဌာနဆိုင်ရာရုံးများအားလုံးတွင် မီးအလှဆင်၍ မီးထွန်းကြရန်၊ ဌာနဆိုင်ရာရုံးများတွင် မိမိတို့ရုံးသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း မိမိတို့ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းသာယာလှပအောင် အပတ်စဉ်သန့်ရှင်းရေးများပြုလုပ်ဆောင်ရွက်ကြရန်၊ ဌာနအသီးသီးမှ ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သတင်းပေးပို့ကြရန် စသည်တို့ကိုပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း စစ်ကြောင်းကြီး(၅)ကြောင်း စီမံချက်လုပ်ဆောင်ရာတွင် ယခုထက်ပိုမို၍ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြရန်တို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းကျော်မှလည်း မြောက်ဦးမြို့ပေါ်ရှိ ကွန်ကရစ်လမ်းများ ခင်းကျင်းပြီးစီးမှုအခြေအနေတို့ကို ပြောကြားခဲ့သည်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ခင်မှလည်း ရှေ့ဟောင်းဘုရားပုထိုးစေတီများကို နိုင်ငံခြားဧည့်သည်များ ဘုရားဖူးရာတွင်အဆင်ပြေစေရန်အတွက် ဘုရားများပေါ်တွင် အမှိုက်များမရှိစေရန်အတွက် ကွင်းဆင်း၍ သန်းရှင်းရေးဆောင်ရွက်နေမှုအခြေအနေ စသည်တို့ကိုပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ကြရန်တို့ကိုပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး