ဘူးသီးတောင် ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကဗျာရွက်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနှင့်ပတ်သတ်၍ အနာဂတ်တွင် ထွန်းလင်းတောက်ပလာမည့် ကျောင်းသူ/ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာကဗျာများအပြင် ပြင်ပမှရေးသားသော သုတ၊ ရသ ကဗျာများကိုလည်း ပိုမိုစိတ်ဝင်စားမှုရှိလာစေရန်၊ စာကြည့်တိုက်နှင့်ထိတွေ့ရင်းနှီးမှုများရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
လှကျော်