ရသေ့တောင် မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရသေ့တောင် ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ၁၂-၁၂-၂၀၂၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်ပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အသစ်များဖြင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ပါသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)