ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ

ကျောက်ဖြူ   ဒီဇင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင် ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၃) နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်း၊ မိုးလုံလေလုံခန်းမတွင် ကျင်းပပြု လုပ်လျက်ရှိသည်။

အဆိုပါ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ကျောက်ဖြူမြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် အသင်း(၁၂)သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲအား အုပ်စုပတ်လည် ရှုံး/ထွက်စနစ်ဖြင့် ကျင်းပလျက်ရှိကာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိ သည့်အသင်းများကို ရခိုင်ပြည်နယ်နေ့တွင် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီး မြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း