ဘူးသီးတောင် ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်၍ စစ်ကြောင်း ၅ ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများ ပူးပေါင်းကာ ဘူးသီးတောင်မြို့ အမှတ် (၇) ရပ်ကွက်သို့ ကွင်းဆင်းကာ ပြည်သူများအား နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းအသီးသီး မိတ်ဆက်ခဲ့ကြပြီး စည်းရုံးရေးစစ်ကြောင်းမှ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းက အိမ်ထောင်စုစာရင်းများနှင့် ပတ်သတ်၍ အသိပညာပေးပြောကြားပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းများ (အခမဲ့) ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး အိမ်ထောင်စု လူဦးရေစာရင်းများ ကြည့်ရှုစစ်ဆေးကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)