ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံလူရွေးပွဲပြုလုပ်

ကျောက်ဖြူ   ဒီဇင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံလူရွေးပွဲကို ယမန်နေ့မှစ၍ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ လူရွေးပွဲဆောင်ရွက်လျက်ရှိရာတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၈)နှစ်အောက် ကျောင်း သား/ကျောင်းသူများမှ ဝင်ရောက်ရွေးချယ်ခံလျက်ရှိပြီး ယနေ့ဝင်ရောက်ရွေးချယ်ခံသည့် ပြိုင်ပွဲများမှာ ကျား/မ ဘောလီဘောပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲ (မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀) ပြိုင်ပွဲများတွင် ရွေးချယ်ခံလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်အနေဖြင့် အဆိုပါ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး (ကျား+မ)၊ ဘောလီဘော(ကျား+မ)၊ ပြေးခုန်ပစ်(ကျား+မ)၊ ပိုက်ကျော်ခြင်း(ကျား) စသည့် အားကစားနည်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လူရွေးပွဲများကို စီစဉ်ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာအားကစားနည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်အဆင့်လူရွေးပွဲတွင် ဝင်ရောက်အရွေးချယ်ခံရမည်ဖြစ်ကာ ခရိုင် အဆင့်‌ပြိုင်ပွဲများ၌ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကျင်းပပြုလုပ်မည့် ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း