(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ

အမ်း ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တပ်တောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ (အထက) အားကစားကွင်း၌ ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန် ဉာဏ်ရည်မြင့်မားသည့် အားကစားသမားများပေါ်ထွန်းရေး၊ မြို့အတွင်းရှိ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲဝင်အသင်း (၁၀) သင်း ပါဝင်ကာ ဆုရရှိသည့် အသင်းများအား (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း