အမ်း ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရေးအပတ်စဥ်ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်အမှတ် (၃)စျေးရပ်ကွက် အမ္မနဒီ မြို့မ စျေးရှေ့ လမ်းဆုံလမ်းမတွင် ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉အသိပညာ ပေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများပူးပေါင်းအဖွဲ့က အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များလာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာလှုပ် ရှားနေကြသည့်ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉မျိုးရိုး ဗီဇပြောင်းအိုမီခရွန် မျိုးစိတ်သစ်BA-5 ကူး စက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ နေထိုင်သွားလာကြရန် နေ အိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာ ခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ်ဆေး အကြိမ်ပြည့်မပျက် မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း