ပေါက်တောမြို့၌ ကျားမရေးရာအခြေပြု Gender,Cedaw, Napaw အသိပညာပေးသင်တန်းဖွင့်လှစ်

ပေါက်တော   ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊  ​စစ်တွေခရိုင် ၊ ပေါက်တောမြို့   မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၌  Gender Cedawနှင့် Napaw အသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါ ရုံးခန်းမအတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးသင်တန်းဖွင့်ပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဇင်မိုးက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဥ်များနှင့် ကျားမရေးရာ အခြေခံသဘောတရားများနှင့် အမျိုးသမီးအခွင့်အရေးများအား သိရှိစေရန်နှင့်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် Cedaw အမျိုးသမီးများအား နည်းမျိုးစုံနှင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်ပါ အချက် အလက်များအား ပြည်သူများသိရှိစေရန် ရည်ရွယ်လျက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားသည်။ သင်တန်းတွင် ကျားမရေးရာ အခြေခံသဘောတရားနှင့် အမျိုးသမီးအခွင့်အရေးများအကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင့်ရှင်း ဘာသာရပ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြသခဲ့ပြီး ပညာပေးသင်တန်းသို့ စေတနာ့ဝန်ထမ်းများနှင့် ရပ်ရွာအခြေပြု သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)