ကျောက်တော် ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင် ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်သုံးဆီရောင်းချသော ဆိုင်များသို့ သွားရောက်ပြီး မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောက်တော်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင် ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီရောင်းချသော ဆိုင်သည်များအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအတွင်း၌ ဆီဖြည့် တင်းနေစဉ်ကာလ မီးလောင်မှု၊ မီးလန့် မှုများမဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထား ရှိမှုများအခြေအနေများမှာ မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ၊ စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှုရှိ/မရှိ၊ မတော်တဆမီးလောင်မှု ဖြစ်ပွားပါက မီးငြှိမ်းသတ် ဆေးဘူးများထားရှိ အသုံးပြုတတ်စေရေး၊ စက်သုံးဆီအရောင်းဆိုင်များတွင် ပြည်သူများ သိရှိစေရန်အတွက် မီးဘေးလုံခြုံရေးပညာပေး ဆိုင်းဘုတ်များထားရှိစေရေးတို့အား ဆီရောင်းချသည့်သူများ ပြင်ဆင်ထားပေးကြရန် အကြုံပြုကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း