ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသား/ သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံလျက်ရှိ

ပေါက်တော    ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myanmarcopharm)ကျောင်းအခြေပြု (ပထမ) အကြိမ် ထိုးနှံပေးခြင်းကို  ယနေ့  နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံကြသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွါခွင့်ပြုခဲ့သည်။

အဆိုပါ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျောင်းအခြေပြု (ပထမ)အကြိမ်ထိုးနှံပေးခြင်းကို ယနေ့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ဆင်တက်မော် IDP စခန်းနှင့် ကြိမ်နီပြင် IDP စခန်းတွင် ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသော IDPs စခန်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)