ဘူးသီးတောင် ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများကလူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးအောင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် လူကုန်ကူးမခံရစေရန်အတွက် အထူးသတိရှိရန်လိုအပ်ကြောင်း၊ လူကုန်ကူးမှုရဲ့ အန္တရာယ်ကလူသား မျိုးနွယ်တွေပျက်စီးလာပြီး လူ့အရင်းအမြစ်များလည်း လျော့ပါးလာစေကြောင်း ပြောကြားပြီး မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ကြပ်ကြီး ဦးဇော်ဝင်းမှ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူလူထုများပူးပေါင်းပါဝင်ပြီး လူလူချင်းညှင်းပန်းနှိပ်စက်တဲ့ လူ့အခွင့် အရေးချိုးဖောက်တဲ့ လူကုန်ကူးမှုပြသနာကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ချေမှုန်းကြပါစို့လို့ တိုက်တွန်းလိုကြောင်းဖြင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟော ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဂန္ဒာရီပရဟိတကျောင်းမှ Grade-10၊Grade-9၊ Grade-8ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)