မင်းပြားမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားတကာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်   

မင်းပြား ဒီဇင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ (၄၈) နှစ်မြောက်  ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားတကာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မုခ်ဦး နေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။

လမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးစိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မင်းပြားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းမြင့်က မင်းပြားမြို့နယ်ရှိ စည်ပင်သာယာရေးနယ်နမိတ်အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်း များဆောင်ရွက်နေမှုများနှင့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားတကာ လမ်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေးရခြင်းအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးဘုရားတကာလမ်းနေပြည်သူ ဦးမောင်ဘစိန်က ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာဌာနများကို ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ ဆက်လက်၍ ဘုရားတကာလမ်းကွန်ကရစ်လမ်းသစ်အား  မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့်တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးကွန်ကရစ်လမ်းသစ်အား လှည်လည်ကြည့်ရှုကြသည်။

အဆိုပါ ဘုရားတကာလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ရခိုင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၊ မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ၂၀၂၂-၂၀၂၃ဘဏ္ဍရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး ခိုင်ပြည်ငြိမ်းထွန်း ဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မင်းပြားမြို့နယ်တွင်အချက်အချာကျသည့် မြောင်းဘွေလမ်း၏ ယာဉ်ကြောပိတ်ဆို့မှုအား ရှောင် ဖယ်နိုင်သော မြို့ဝင်ပေါက်  ထွက်ပေါက်လမ်းဖြစ်သည့်အတွက် အရေးပါသည့် ကွန်ကရစ်လမ်းသစ်ဖြစ်ကြောင်းသိရသည်။

သိန်းနုအောင်