(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နံရံစာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

တောင်ပြိုလက်ဝဲ  ဒီဇင်ဘာ ၁၂

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်  တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက နံရံစာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမတွင် ခင်းစင်းပြသထားရှိသော နံရံစာစောင်နှင့်စာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ထိုသို့ နံရံစာစောင်ပြသရာတွင် ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းပုံများ၊ အားကစားကဏ္ဍများ၊ ဗဟုသုတ အထွေထွေများကို ပြသထားရာ ကျောင်းသား၊ကျောင်း သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြသည်။

သိန်းနိုင်(ပြန်/ဆက်)