ကော့ကရိတ်မြို့၌  BookClub အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကော့ကရိတ် နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် BookClub အဖွဲ့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာဒေါက်တာ ကျော်စိန် ရေးသားထားသည့် “လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့ “စာအုပ်အား  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန် အလှန်ဆွေး နွေးစေရေးအတွက် စာဖတ်ဝိုင်းများကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောက်ရွက်ကြရာ Book Clubအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ခင်ကြူအေးက” လူတိုင်းသည်သူတို့အား ချီးကျူးစကားကိုပြောဆိုခြင်းကို နားထောင်လိုကြပါတယ်စသည့်” ချီးကျူးစကား ပြောဆိုခြင်း” ခေါင်းစဥ်ပါအကြောင်းအရာကိုလည်း ကောင်း၊ ဒေါ်သင်းသင်းယုက အဝတ်အစား စဝတ်ဆင်ရာတွင် အခြေအနေအချိန်အခါတို့နှင့် လိုက်ဖက်ရန် လွန်စွာအရေးကြီးပါသည် ဆိုသည့် “သင်၏ဝတ်စားဆင်ယင်မှုနှင့် အသွင်အပြင်ကိုဂရုစိုက်ခြင်း” ခေါင်းစဥ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက် လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)