နမ့်ဆန်မြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား သွားရောက်ငှားရမ်းပေး

နမ့်ဆန် နိုဝင်ဘာလ ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်တွင် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  စာဖတ်ပရိသတ်များ အားလပ်ချိန်တွင်  ပြင်ပဗဟုသုတစာပေများကို ဖတ်ရှူတတ်သည့် အလေ့အကျင့်ရှိစေရန် စာပေကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာအုပ်စာစောင်များကို ယူဆောင်ပြီးသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အပတ်စဉ် ငှားရမ်းဆောင်ရွက်ပေးပြီး သုတ/ရသစာအုပ်များကို စာငှားသူတစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၇)ရက်ကြာ အချိန်ပေး၍ စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)