သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

သံတောင်ကြီး စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအားယနေ့နံနက် (၁၁) နာရီအချိန်က ပြည်သူ့စာကြည့်တိုက် (Community    Centre) ခန်းမနှင့် ရုံးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသူ/သားများ၊ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှု အကြောင်းသိရှိစေရန် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်ရှောင်ရမည့် အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန် နံရံကပ်စာစောင်ပြသပေးပြီး စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေခြင်းကို သိရှိစေရန်၊ စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပြပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ နော်လော်မူထံက သိရသည်။

အဆိုပါ နံရံကပ်၊ ဓါတ်ပုံ၊ စာအုပ်စာစောင်ပြပွဲတွင် သံတောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များ၊ ကလေးသူငယ်များက စိတ်ပါဝင်စားစွာ  လာရောက်လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)