သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club များကစာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club များကစာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိစေရန်လူ ငယ်လူရွယ်များ  အကောင်းဆိုးအမှားအမှန်  ဝေဖန်ပိုင်းခြားနိုင်ရန်နှင့်  အသိပညာဗဟုသုတများ ကြွယ်ဝလာ စေရန်ရည်ရွယ်ပြီး   Book  Club အဖွဲ့ဝင်များက  စာရေးဆရာ ဦးခင်မာလာ (ကြာဖြူ) ၏   “ယုန်ကလေးနှင့် နာစေးနေသည်” စာအုပ်အားယနေ့နံနက် () နာရီအချိန်က  သံတောင်ကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ  သံတောင်ကြီးမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက   စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏    ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး နော်ဆာထီ (Book Club) အဖွဲ့ဝင်ကစာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်များဖြစ်သည့် သည်လမ်းသည်စခန်း၊ အဆင်သင့်ပဲလား၊ အမျိုးသမီးနှင့်စီးပွားရေး၊ ဆီဖြစ်သွာတဲ့နှမ်းတစ်လုံး၊ ဗီဇ၊ ဘယ်မှာလဲဘယ်လိုလဲစသည်တို့ကိုဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နော်ဆိုးဘလူနီဖော (Book Club)အဖွဲ့ဝင်ကအပြစ်တင်ခြင်းသည်ဆင်းရဲသည်၊ ကျေးဇူးတင်ခြင်းသည်ချမ်းသာသည်၊ စတုတ္ထမြောက်စာအုပ်၊ ယုန်ကလေးနှင့်နာစေးနေသည်၊ ဒဏ်ရာကိုပညာဖြင့် သိမ်းယူ တစ်ပါးရန်သူစသည့်အကြောင်းအရာများကို ဆွေးနွေးပြီးတက်ရောက် လာသည့် (Book Club )အဖွဲ့ ဝင်များကစာအုပ်ပါအကြောင်းအရာများ ကိုအပြန်အလှန်ဆွေးနွေး ခဲ့ကြောင်းသိရသည်။

 စောမင်းသား