ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အသိပညာပေးနံရံကပ်စာစောင် ခင်းကျင်းပြသ

ကျောက်တလုံးကြီး    စက်တင်ဘာ     ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မစားသင့်သော အစားအသောက်များအား သိရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်စာစောင်ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီက ခင်းကျင်း ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြဘုတ်တွင် ကျောက်တလုံးကြီးမြို့အတွင်းရှိ အလုပ်အကိုင် လျှောက်ထားလိုသူများ သိရှိနိုင်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ လစ်လပ်လျက်ရှိသော နေရာများအတွက် အလုပ်ခေါ်စာ၊ လူမှုဝန်ထမ်းဦးစီးဌာန အလုပ်ခေါ်စာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလုပ်ခေါ်စာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ လိုအပ်လျက်ရှိသော နေရာများအတွက် ခေါ်ယူသော အလုပ်ခေါ်စာများနှင့် ကျောင်းသား/သူများနှင့် ပြည်သူလူထုများသိထားသင့်သော  ကျန်းမားရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော ‌ရွှေအုပ်တံဆိပ် မက်မန်းယို၊ ကောင်းဟိန်း တံဆိပ် ဇီးယို၊ ဘုရင်မတံဆိပ် မက်မန်းသီး(အနီ)၊ ၁၂၃ တံဆိပ် သရက်ယို၊ Fiuity တံဆိပ် အချိုရည်၊ ခြင်္သေ့မင်း တံဆိပ် ငရုတ်ဆီ၊ Sunlight တံဆိပ် ကိုလာ အရသာအချိုရည်၊ ဇမ္ဗူကျော် တံဆိပ် ရှောက်သီးတော်ဖီ(အစပ်) အစရှိသော စားသောက်ကုန်များအား ခင်းကျင်းပြသထားရာ ကျောင်သား/သူများ၊ မိဘပြည်သူများနှင့် အလုပ်အကိုင်လျှောက်ထားလိုသူများက စိတ်ပါဝင်စားစွာဖြင့်  လေ့လာခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)