ကော့သောင်းတွင် မိုဘိုင်းစာကြည့်တိုက် လုပ်ငန်းများကွင်းဆင်းဆောင် ရွက်

ကော့သောင်း မေလ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူ စာပေဖတ်ရှုခြင်းအလေ့အထ တိုးပွားလာကာ စာဖတ်ရှိန်မြှင့်မား လာစေရေး ၊ ကျောင်းသားသူများ စာပေအသိပညာ ဗဟုသုတများ ရင့်ကျင့် ခိုင်မာလာစေရေး အများပြည်သူဝန်ဆောင်မှု လုပ်ငန်းအသွင်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျှက်ရှိရာ မေလ ၁၆ ရက် ရက်နေ့ နံနက်ပိုင်း က ကော့သောင်း ခရိုင် ၊ ပြန်/ဆက် ဝန်ထမ်းများ မိုဘိုင်းစာကြည့်တိုက် အသွင်ဖြင့် စာအုပ်စာပေများ ငှားရမ်းဖတ်ရှုစေခြင်း လုပ်ငန်းများ အားကွင်းဆင်း ဆောင်ရွက်သည်။

လုပ်ငန်းတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦး နှင့် ဝန်ထမ်းများသည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ရှိ သင်တန်းနည်းပြ ဆရာမများ နှင့် သင်တန်းသူ များအား ဦးစီးဌာန စာကြည့်တိုက် မှသုတ ရသ စာအုပ်များ ၊ လူငယ်အသိပညာ တိုးပွားရေးဆိုင်ရာ စာအုပ်စာပေ ဂျာနယ် များ နှင့် လစဉ်ထုတ်မဂ္ဂဇင်းများ အား ရက်သတ္တတစ်ပတ် ဖတ်ရှု နိုင်ရန် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)