MOBILE LIBRARY နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်နှင့် အသိပညာပေးဟောပြော

ကျောက်ဆည် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော MOBILE LIBRARY နယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ စာအုပ်စာစောင်နှင့် အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို မေလ(၉)ရက် ညနေ(၄)နာရီတွင် တံစိုးကျေးရွာရတနာ့ဂုဏ်ရည်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကားများ ပြောကြား၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်စောလွင်က စာပေဖတ်ရှူခြင်း အကျိုးကျေးဇူး၊ ပန်းချီဆွဲနည်း၊ ပုံပြင်ပြောနည်း၊ ကလေးစာပေဖတ်ရှူလေ့လာခြင်း အကျိုးကျေးဇူးနှင့် ကျေးရွာနေပြည်သူများ အားလပ်ချိန်တွင် စာပေဖတ်ရှူလေ့လာနိုင်ရေး ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သောစာပေရေချမ်းစင်များ၊ နံရံကပ်စာပေရေချမ်းစင်များ ဆောင်ရွက်ထားရှိမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး စာအုပ်စာစောင်များ လေ့လာဖတ်ရှူနိုင်စေရေးအတွက် ဇာတ်လမ်းများ ရိုက်ကူးထားရာ ပြည်သူများအတွက် စာပေရေချမ်းစင် ဇာတ်လမ်းများဖြစ်သော (က)ရင်ကိုအေးမြစေ (ခ)သိနေတယ်လေ (ဂ)ကျေးဇူးပါဇာတ်လမ်းများ အား ဖွင့်လှစ်ပြသရာ တက်ရောက်လာသောပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှူလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်မောင်လွင်