မြောင်မြို့နယ်ပြန်/ဆက်ဦးစီးဌာနတွင် စာအုပ်ပြပွဲနှင့်ဓာတ်ပုံပြပွဲ ကျင်းပ

မြောင် မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဗဟုသုတ ပိုမိုရရှိစေရေးတို့အတွက် ရည်ရွယ်၍ စာအုပ်ပြပွဲအခမ်းအနားနှင့် ဓာတ်ပုံပြပွဲ အခမ်းအနား ကိုမေလ (၉)ရက် နံနက်(၁၀)နာရီက မြောင်မြို့နယ် ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့် တိုက်တွင် ကျင်းပခဲ့ ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသောင်းငွေ၊ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ် နှင့်မြို့ နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်ထက်ထက်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီးနောက်တက်ရောက်လာ စာပေဝါသနာရှင် စာချစ်သူများက စာအုပ်များပြသထားမှုနှင့် ဓာတ်ပုံများပြသထားခြင်း များကို ကြည့်ရှု ခဲ့ကြောင်းသိရသည်။

`` ကောင်းပါတယ် အခုလို စာအုပ်များ ပြည်သူတွေ သိရှိအောင် ပြသပေးတာကို ကျေးဇူးတင်ပါ တယ်၊ကျနော်တို့အနေဖြင့်လည်း စာအုပ်များစွာလေ့လာရတယ် နောက်ပြီး ကိုယ်မဖတ်ရတဲ့စာအုပ်တွေ အများကြီးရှိတယ် အထူးသဖြင့် ကလေးစာအုပ်ဖတ်စာလေးတွေ တွေ့ရတော့ ကျတော့်ကလေးတွေကို စာငှားခိုင်းပြီး ဖတ်စေမှု ပြုလုပ်ပေးရမယ်ဟု´´မြောင်မြို့မြောက်ရပ် ကိုတင်ညီညီထွေးကပြောပြသည်ကို သိရသည်။

တင်ကိုကို