Skip to main content

တရားမအထွေထွေ‌လျှောက်ထားမှု(စာချွန်တော်) (၅)မှုကို စီရင်ချက်ချမှတ်ပြီး (၅)မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဩဂုတ် ၁၀

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသာဌေးနှင့် ဦးအောင်ဇော်သိန်း တို့ပါဝင်သည့် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး ခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထွေထွေလျှောက်ထားမှု(စာချွန်တော်)(၅)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမ ထွေထွေလျှောက်ထားမှု(စာချွန်တော်)(၅)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)