Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် အောက်တိုဘာ ၁၇

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘတ်ဂျက်ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်းဝင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ ပညာပေးရေးဗဟိုဌာန၌ အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည်။

အခမ်းအနားသို့တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ညီတိုးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး တိုင်းဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဦးစီးမှူး၊ ခရိုင် ဦးစီးမှူး များ၊ မြို့နယ်ဦးစီးမှူးများ၊ ငါးစခန်း တာဝန်ခံများနှင့် FAREC မှ တာဝန်ရှိသူနှင့် ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများက မိမိတို့လုပ်ငန်းဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်