ကွတ်ခိုင်မြို့လယ်တံတား၌ TNT ယမ်းပြင်းများ ထည့်ထားသော သံပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ မိုင်းတစ်လုံးတွေ့ရှိ၍ တပ်မတော်က ရှင်းလင်းခဲ့

Sun, 12/04/2016 - 20:04 -- moi-admin
နေပြည်တော်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ မြို့လယ်တံတား၌ ယနေ့နံနက်ပိုင်းက TNT ယမ်းပြင်းများ ထည့် ထားသော သံပုံးတစ်လုံးနှင့် ပြုလုပ်ထားသည့် ဒေသန္တရလုပ် မိုင်းဗုံးအား  တပ်မတော်စစ်ကြောင်း အထူးမိုင်း ရှင်းလင်းရေးအဖွဲ့က ရှင်းလင်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့ရှိ မြို့လယ်တံတား၌ မသင်္ကာဖွယ် သံပုံးတစ်လုံးတွေ့ရှိကြောင်း သတင်းအရ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် တပ်မတော်စစ်ကြောင်းက သွားရောက် စစ်ဆေးရာ ၁၀ ပိဿာဝင် သံပုံးခွံအတွင်း၌ အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အမြင့် ၁ လက်မခန့်ရှိ အဝါရောင် TNT ယမ်းပြင်းအတုံး ၁၀၀ နှင့် လျှပ်စစ်ဒီတိုနေတာ ၁၃ ချောင်း ထည့်သွင်းတပ်ဆင်ပြီး ဆိုင်ကယ်သုံးဘက်ထရီအိုးနှင့် ဝါယာကြိုးများဆက် သွယ်ထားသော ဒေသန္တ ရမိုင်းတစ်လုံးအား တွေ့ရှိသဖြင့် တပ်မတော်စစ်ကြောင်း အထူးမိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်း ခဲ့ကြောင်း၊ ၎င်းနေရာပတ်ဝန်းကျင်အား တပ်မ တော်စစ်ကြောင်းများက ဆက်လက်ရှင်းလင်း လျက်ရှိကြောင်း သိရသည်။