၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ခန်းမ၌ ကျင်းပသည့် စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့ အတွင်းမှ ပြန်လည်စွန့်လွှတ်သည့်မြေများအား မူလ တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ပေးအ

Wed, 03/15/2017 - 00:00 -- moi-admin

သိမ်းဆည်းခံလယ်ယာမြေများ၊ အခြား မြေများ ကို  မူလပိုင်ရှင်ပြည်သူများ လက်ဝယ်ကို  ပေးအပ်နိုင်ရန် အတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများ၊ လမ်းညွှန်ချက် များ ချမှတ်ပြီး ဆောင်ရွက်နေကြာင်း၊ မြေယာကိစ္စသည်  ပိုင်ဆိုင်မှုဆိုင်ရာ  စာရွက်စာတမ်း အထောက်အထားနှင့်   ဥပဒေကြောင်းအရ ညီညွတ်မှု စသည့်အချက်များနှင့် စိစစ်ဆောင်ရွက်ရသည့်အတွက် ကိုင်တွယ်ဖြေရှင်းရာ တွင်  သေချာရန်  အချိန်ယူရကြောင်း၊    ယခုကဲ့သို့  ဆောင်ရွက်ရာတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ကရုဏာနှင့် ယှဉ်ပြီးတရား မျှတမှုရရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေး နေကြောင်း။ လယ်သမားများအတွက် လယ်ယာမြေသည် အသက်သွေးကြောဖြစ်ကြောင်း၊ မိမိတို့စိုက်ပျိုးရေးနိုင်ငံ အတွက် လယ်သမားများသည်လည်း အသက်သွေး ကြောပင်ဖြစ်ကြောင်း၊သို့ဖြစ်၍ လယ်သမားများအတွက်  အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မိမိတို့အစိုးရအနေဖြင့် ဦးစားပေး အထူး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်နေပါ ကြောင်း။

          အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာ များထဲက အသုံးမပြုတော့သည့် မြေယာများကို ပြန်လည် စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များထံ မြန်မြန်ရောက်လျှင် မြန်မြန် အကျိုးရှိမည်ဖြစ်သည့်အတွက် စိုက်ပျိုးရာသီ အမီ အမြန်ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက်  မိမိတို့အစိုးရအနေဖြင့်  ပွင့်လင်းမြင်သာမှုရှိပြီး  လွယ်ကူ လျင်မြန်မှု ရှိစေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျ စိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း။

          ယခုကဲ့သို့  ဆောင်ရွက်ပေးနိုင်ခြင်းဖြင့်  လယ်မဲ့၊  ယာမဲ့ဖြင့်  အလုပ်အကိုင် အခွင့်အလမ်းမရှိသည့်အတွက် ကျေးလက်ဒေသကို စွန့်ခွာသွားမှုများ၊ မြို့ ကြီးပြကြီးများ သို့ မိသားစုလိုက်ရွှေ့ပြောင်း ကျူးကျော် နေထိုင်မှုများ၊ ပြည်ပနိုင်ငံများသို့ ဆင်းရဲဒုက္ခခံပြီး နည်းလမ်းမျိုးစုံဖြင့်  သွားရောက်လုပ်ကိုင်နေမှုများ၊ ခေတ်ပညာတတ်လုပ်ငန်း ကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပ သို့ထွက်ခွာ ဆုံးရှုံးနေမှုများ တဖြည်းဖြည်း လျော့ကျလာ မည် ဖြစ်ကြောင်း။

          ယခုကဲ့သို့ မူလပိုင်ရှင်တောင်သူ လယ်သမားများ ထံ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် လွှဲပြောင်းပေး နိုင်ရန် အတွက်  တိုင်းဒေသကြီး၊    ပြည်နယ်အစိုးရအဖွဲ့ က အရာထမ်း၊  အမှုထမ်းများအနေဖြင့်  မြေယာ ဆိုင်ရာ ဥပဒေ၊  နည်းဥပဒေ၊  လုပ်ထုံး လုပ်နည်းများကို ကျွမ်း ကျင် ပိုင်နိုင်စွာ စေတနာထားလုပ်ကိုင်ကြရန် လိုအပ် သကဲ့သို့  တောင်သူများအနေဖြင့်လည်း လုပ်ငန်းစဉ် မြန်ဆန်မှန်ကန်စေရေး ပူးပေါင်းပါဝင်ရန် အထူးလိုအပ် ကြောင်း။

          မြေယာပြဿနာများကို လျင်လျင်မြန်မြန်ဖြေရှင်း နိုင်ရန် ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ပြည်နယ်အလိုက်  အဆောတလျင်  ဦးစားပေး ဖြေရှင်းပေးရမည့် သိမ်းဆည်းမြေဆိုင်ရာ ပြဿနာများ ကို ဖြေရှင်းပေးလျက်ရှိကြောင်း။ လယ်ယာမြေများသည် ဘိုးဘွားပိုင်အမွေအနှစ်အစစ်ဖြစ်သည့်အတွက် သားစဉ် မြေးဆက်  အမွေဆက်ခံခွင့်ရရှိထားသည်ကို တန်ဖိုးထား ပြီး  စားနပ်ရိက္ခာ ဖူလုံမှုရရှိအောင်  စိုက်ပျိုးလုပ်ကိုင် သွားကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်းပြော ကြားသည်။

Featured News: 
0