NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။
Apr 18, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်အတွင်း၌ ဧပြီလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကားပစ္စည်းဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်တိုက်နေအိမ် ၃၀ လုံးခန့်နှင့် ပျဉ်ထောင်/ သွပ်မိုးနေအိမ် ၂၀ လုံးကျော် စုစုပေါင်းနေအိမ် ၅၀ လုံးကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
Apr 18, 2024
AA အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသောအခါသမယ၌ ပြည်သူများ ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ဇီဝိတဒါနပြုလုပ်ပြီး ကုသိုလ်ယူနေချိန်တွင် ပြည်သူများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင် အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Apr 18, 2024
၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်တွင်ပါဝင်ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များသည် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြပြီး ဆင်ဖြူတော်ဆောင်သို့ ဆက်လက်သွားရောက် လေ့လာကြသည်။
Apr 18, 2024
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံး၍ ၁၃၈၆ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာရေဖြင့်ဆေးကြောသန့်စင်ပြီးစိတ်၏ အညစ်အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကိုမင်္ဂလာရှိစွာဖြင့် အစပြုလေ့ရှိရာ ယနေ့တွင်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့်နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ် သီလဆောက်တည်ခြင်း၊ သက်ကြီးဘိုးဘွားများကို တစ်ကိုယ်ရေသန့်ရှင်းမှုများပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းနှင့် စတုဒိသာကျွေးမွေး လှူဒါန်းကြခြင်းစသည့် ကုသိုလ် ကောင်းမှုတို့ဖြင့် နှစ်သစ်ကိုအစပြုကြသည်။
Apr 18, 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေ မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 18, 2024
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရုံးအမှတ် (၄) ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 18, 2024
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဇနီးနှင့်မိသားစု၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
နောက်ဆုံးရသတင်းများ
Apr 18, 2024Latest News
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အက
Apr 18, 2024Latest News
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်အတွင်း၌ ဧပြီလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကားပစ္စည်းဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်တိုက်နေအိမ် ၃၀ လု
Apr 18, 2024Latest News
AA အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအတွက် ထူးခြားလေးနက်သည့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသောအခါသမယ၌ ပြည်သူများ ဘုရားကျောင်းကန်များသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ဇီဝိတဒါနပြုလုပ်ပြီး ကုသိုလ်ယူနေချိန
Apr 18, 2024Latest News
၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်တွင်ပါဝင်ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များသည် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြ
ဆောင်းပါးကဏ္ဍ
- Apr 16, 2024သီရိလင်္ကာနိုင်ငံသည် တောင်အာရှရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အာရေဗျပင်လယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။
- Apr 16, 2024နှစ်သစ်အကူးအပြောင်းရောက်တိုင်း သတိတရနဲ့ သံဝေဂစကားလေးတွေ ပြောဖြစ်ကြတယ်၊ ဆုတောင်းဖြစ်ကြတယ်။ တစ်နှစ်တာအတွင်း ရတောင့်ရခဲ သင်္ကြန်ရက်ရှည်ကို အခွင့်ကောင်းယူ၊ မိမိအတွက်ကောင်းတာတွေ ကျန်အောင်လုပ်၊ အဆိုးတွေချန်ရစ်ခဲ့မယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကောင်းသောအကျိုးကျေးဇူးတွေ ဖြစ်စေချင်တဲ့အတွက် အကြောင်းကောင်းတွေဖြစ်အောင် ကြိုးစားကြရမှာပေါ့။ ကျွန်တော်တို့အားလုံး နှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့ကြသလဲ၊ ဘယ်လမ်းလျှောက်ခဲ့ပြီး ကျန်နေတဲ့အချိန် ဘယ်လမ်းကိုရွေးလျှောက်ကြမလဲ၊ ကိလေသာလား ပါရမီလား။ အကောင်းအဆိုးမှာ အကောင်းဆိုတာဘာလဲ၊ အဆိုးဆိုတာ ဘာကိုဆိုတာလဲ၊ စိတ်ဓာတ်အသစ်ဆိုတာကရော၊ နောက်ပြီး အကြောင်းကောင်းရင် အကျိုးလည်းကောင်းမယ်ဆိုတဲ့ သဘောတရားကရော ဘာကိုဆိုလိုပါသလဲ...။
- Apr 15, 2024သို့ရာတွင် ၂၀၁၃ ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေသောအခါတန်ဖိုးမှာ မူလပထမအကြိမ်တန်ဖိုးထက် ထက်ဝက်သက်သာ၍ ချက်ချင်းဝယ်ယူ ဖတ်ရှုဖြစ်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေသောစာအုပ်တွင် စာအုပ်တန်ဖိုးကို အဘယ်ကြောင့် ထက်ဝက်နီးပါးလျှော့ချ ခဲ့ရသည်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ဦးနု ၏ သမီး ဆရာမကြီးဒေါ်စန်းစန်းနုက “စာအုပ်တန်ဖိုး ၈၅၀၀ ကျပ်က များလွန်းသည်။ လူတိုင်းမဝယ်နိုင်မတတ်နိုင်ဘူး၊ ကိုယ်တွေလည်းကြုံရ ကြားရသည်။ ထိုသို့ ကြားသိလာရသည့်နောက်တွင် စန်းမွန်အောင်က သူ့စာအုပ်ကိုပြန်ပြင်ပြီး ၄၅၀၀ ကျပ်နှင့်ထက်ဝက်လျှော့ကာ ရောင်းချင်သည်။ သူ့ အတွက် စာအုပ်ထုတ်ခစရိတ်ကျန်လျှင်ရပြီ။ အဲဒီလို ဆိုလျှင်အန်တီလည်း စာမူခရတာနည်းသွားမယ်။ ဖြစ်မလား၊ ကျေနပ်မလားဟုမေးပါသည်။ သူကစာအုပ်ဈေးကြီးတာနှင့် လူတိုင်းမဝယ်နိုင်မဖတ်ဖြစ်နိုင်သည့်အတွက်အားနာပြီး စိတ်မကောင်းဖြစ်နေသူ၊ ကျွန်မကဘာပဲဖြစ်ဖြစ် တာတေစနေသားစာအုပ် ဖြစ်လျှင်ပြီးရော ကျွန်မဖေဖေဆန္ဒအတိုင်း မြန်မာ တစ်ပြည်လုံးရှိ အလွှာအသီးသီးမှ လူကြီးလူငယ် (အထူးသဖြင့်) လူငယ်များအားလုံး ဝယ်နိုင်ဖတ်နိုင်စေချင်သူဖြစ်သဖြင့် ရတယ်ဟုပြောလိုက်၍ စန်းမွန်အောင်နှင့် ကျွန်မတို့ တူအရီးနှစ်ယောက်၊ နှစ်ယောက်ပေါင်း စိတ်တူကိုယ်တူနှင့် စာအုပ်ကိုအသွင်သစ်၊ မူလစာအုပ်ထုတ်ဝေခဲ့သော စက္ကူအကောင်းမျိုးနှင့်ပင် ဓာတ်ပုံအသစ်များ ဝေဝေ ဆာဆာနှင့် ရောင်းဈေးထက်ဝက်လျှော့ချပြီး တန်ဖိုး ၄၅၀၀ ကျပ်ဖြင့် ထုတ်ဝေရောင်းချပေးလိုက်ပါပြီ” ဟူ၍ အမှာစာတွင်ဖော်ပြခဲ့ပါသည်။
- Apr 14, 2024တိုင်းရင်းဆေးပညာအမြင်အရ နွေဥတု၏ သဘောသဘာဝများ၊ နွေဥတုတွင် အပြင်လောကဓာတ်နှင့် ကျန်းမာသည့်သူများ၏ ပကတိပုံမှန်လက္ခဏာများ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရသမုဌာန်အလိုအရ ပြုမူနေထိုင်စားသောက်ရမည့် အခြေအနေများနှင့် နွေဥတုတွင် ဖြစ်တတ်သော ရောဂါအချို့ကို တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးဗဟုသုတ မျှဝေခြင်းအလို့ငှာ ရေးသားလိုက်ရပါသည်။
- Apr 14, 2024မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ နှစ်သစ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချေတော့မည်။ တစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုမှာ မကြာလိုက်သလိုပင်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင် နှစ်တစ်နှစ် ကုန်ဆုံးပေတော့မည်။ စိတ်ထဲမှာတော့ ခဏမျှသာဟု ထင်မိသည်။ အချိန်ဆိုသည်က သူ့စည်းချက်နဲ့သူ သွားမြဲသွားနေသည်ကိုး။ ထိုအချိန်များကို မြန်ချင်၍လည်းမရ၊ နှေးချင်၍လည်း မရ၊ ရပ်တန့်၍လည်း မရချေ။ မည်သူမဆို အချိန်၏ စည်းချက်များအောက်တွင် ဟန်ချက်ညီ ကျင်လည်ကြရသည်။ မိုးလင်းမှမိုးချုပ် ကိစ္စမြားမြောင် လူတို့ဘောင်၌ တစ်ရက်ပြီး တစ်ရက် လှုပ်ရှားရင်း၊ ရုန်းကန်ရင်းဖြင့် အချိန်များကို ဖြတ်သန်းနေကြရ၏။ ထိုဖြတ်သန်းခဲ့ရသည့် အချိန်ကာလသည်ပင် ယခုအခါ တစ်နှစ်ပြည့်ပေတော့မည်။
- Apr 12, 2024ယနေ့ကမ္ဘာကြီးမှာ တစ်နေရာမှတစ်နေရာ စစ်ခင်းရတာ လွယ်ကူလာနေသည်။ တစ်နှစ်ပြီး တစ်နှစ်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများက ပို၍ဆိုးလာနေသည်။ ကမ္ဘာကြီးကို လွှမ်းမိုးလိုသည့် နယ်မြေလုပွဲတွေ၊ အခင်းအကျင်းအသစ်တွေနှင့် အပြောင်းအလဲများက မြန်ဆန်လာနေသည်။