နိုင်ငံတော်သမ္မတသတင်း

Post date: 01/16/2017 - 21:18

စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လဟယ်မြို့ စာရာမေရိရိပ်သာ၌ လဟယ် မြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများ၊ သင်းအုပ်ဆရာများနှင့် တွေ့ဆုံသည်။

Post date: 01/15/2017 - 20:30

လဟယ် ဇန်နဝါရီ ၁၅

၂၀၁၇ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လဟယ်မြို့ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဇနီးဒေါ်စုစုလွင် တို့တက်ရောက်ချီးမြှင့်သည်။

Post date: 01/15/2017 - 06:44

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၅)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ယနေ့ချိန်ခါဟာ ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ကယားပြည်နယ်နေ့ ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကယား တိုင်းရင်းသားများ၊ နိုင်ငံတစ်ဝန်းလုံးမှာ ပျံ့နှံ့နေထိုင်လျက်ရှိကြတဲ့ ကယားတိုင်းရင်းသား များနှင့်တကွ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယားပြည်နယ်နေ့မှာ ဆုမွန်ကောင်းနဲ့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ဒုတိယသမ္မတ ၁ သတင်း

Post date: 01/17/2017 - 22:30

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစည်းအဝေး (၂/ ၂၀၁၇)ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

Post date: 01/13/2017 - 20:12
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်f(UMFCCI)အစည်း အဝေးခန်းမ၌  ကျင်းပသည့်  မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒုတိယအကြိမ် ပုံမှန်တွေ့ဆုံ ပွဲသို့ တက်ရောက်သည်။
 
Post date: 01/07/2017 - 23:54

မောင်တောဒေသသို့ ဒုတိယအကြိမ် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နိုရူလာ ကျေးရွာနှင့် အလယ်သံကျော် ကျေးရွာများသို့ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ကြသည်။

Post date: 01/06/2017 - 21:04

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည်

Post date: 01/02/2017 - 20:32

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် (၈)နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည့် ပြည်သူ့ ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) ဖွင့်ပွဲနှင့် အရာထမ်းလောင်း အခြေခံ သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲသို့ တက်ရောက်၍ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဆိုင်းဘုတ်ကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။