နိုင်ငံတော်သမ္မတသတင်း

Post date: 03/20/2017 - 21:19

နေပြည်တော် မတ် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

Post date: 03/15/2017 - 21:48

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 03/12/2017 - 20:38
၂၀၁၇ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညို၍ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသည်။
ရှေးဦးစွာ သာသနာတော်ဆ်ိုင်ရာ 
Post date: 03/10/2017 - 17:55
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒဆရာတော်များနှင့် ၂၀၁၇ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံ ဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေ တီတော်ပရိဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
 
Post date: 03/07/2017 - 20:26

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ မလေးရှားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးစိန်ဦးနှင့် လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးကိုကိုနိုင် တို့သည်

Post date: 03/02/2017 - 10:50

ဒီကနေ့ အချိန်အခါသမယဟာ နိုင်ငံတော် တစ်ဝန်းလုံးရှိ တောင်သူ လယ်သမား များကို အထူးအလေးအနက် ဂုဏ်ပြုသတ်မှတ်ထားရှိတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ ဤကဲ့သို့ အစဉ်အလာ ကြီးမားတဲ့ မင်္ဂလာ ရက်မြတ် အချိန်အခါသမယ မှာ တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း အပေါင်းနဲ့ ပြည့်စုံကြကာ ကောင်းကျိုး မင်္ဂလာ အဖြာဖြာတို့နဲ့ ပြည့်စုံကြပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမိုတိုးတက်ဖြစ်ထွန်း အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

Post date: 03/02/2017 - 10:49

အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၇) အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက် အမှာစကား ပြောကြားသည်။

Post date: 02/28/2017 - 23:00

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 02/24/2017 - 22:08

နေပြည်တော် ဖေဖော်ဝါရီ  ၂၄

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆွီဒင်နိုင်ငံ Riksdag လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Urban Ahlin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 02/22/2017 - 19:37
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ချင်းတွင်းတံတား(ကလေး၀)၊ ကလေးမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နှင့် ပြည်သူ့ဆေးရုံကြီးတို့အား ကြည့်ရှုစစ်ဆေးသည်။
 

Pages