Other news

Post date: 07/24/2017 - 19:43

ယခုနှစ် ဇူလိုင်လအတွင်း ချင်းပြည်နယ် မတူပီမြို့ပေါ်ရပ်ကွက်အချို့တွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဓာတ်ခွဲ အတည်ပြုလူနာ(၁၀)ဦး၊ သေဆုံးလူနာ(၁)ဦး ရှိခဲ့ပြီး ရန်ကုန်မြို့၊ ပြည်သူ့ ဆေးရုံကြီးတွင် လူနာ(၂)ဦး၊

Post date: 07/24/2017 - 19:32

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောင်းလဲရေး အတွက် အကူအညီပေးနေသည့် MYPOL ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံ သည်။

Post date: 07/24/2017 - 08:36

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက် တောရ ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင် ယာယီခိုလှုံရေး စခန်းသို့ ယနေ့ရောက်ရှိကြပြီး ရေဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

Post date: 07/24/2017 - 08:35

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

Post date: 07/24/2017 - 08:34

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ် မင်္ဂလာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

Post date: 07/22/2017 - 20:01

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံသို့ ဂျပန် နိုင်ငံ International University of Health and Welfare (IUHW) မှ လှူဒါန်းသော ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်းနှင့် မင်းဓမ္မလမ်း ဒေါင့်ရှိ အဆိုပါ ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 
Post date: 07/22/2017 - 19:32

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၏ ဆေးပြား/ ဆေးတောင့် ထုတ်လုပ်မှု အဆောက်အဦ ဖွင့်ပွဲအခမ်းအနားအား ဇူလိုင် (၂၂)ရက် နံနက်၈နာရီခွဲတွင် ဆေးဝါး စက်ရုံ (အင်းစိန်) ၏ New BPI စီမံကိန်းနေရာတွင် ကျင်းပသည်။

 
Post date: 07/21/2017 - 13:50

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Mandalay Web Portal လွှင့်တင်ခြင်း အခမ်းအနားကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ က ကျင်းပပြုလုပ်သည်။

Post date: 07/21/2017 - 13:44

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ သာမာန်မြစ်ရေ၏(၁၅)ပေအထိ ရောက်ရှိနေပြီဖြစ်သဖြင့် မြို့တွင်းသို့ ရေဝင်မှုနှင့် ရေလွှမ်းမိုးမှု မဖြစ်စေရေးအတွက် မြို့နယ် ရေထိန်းတံခါးနှင့် ရေတားတမံများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင်၊ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေ နှင့်အဖွဲ့ဝင်များက ဇူလိုင်၂ဝ ရက်နေ့ မွန်းလွှဲ ၃ နာရီ ၃၀ မိနစ် အချိန်က ချောင်းကြီးရပ်ကွက်၊ မြို့အဝင်ကမ်းနားလမ်းရှိ ရေစုပ်စက်ရုံအတွင်းမှ ရေစုပ်စက်နှစ်လုံးနှင့် ရေပိုက်များဖြင့် မြို့အတွင်းမှ မိုးရေများကို ရေထိန်းတံခါးအပြင်ဘက်သို့ စုပ်ထုတ်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Post date: 07/21/2017 - 13:39

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာတွင် ဇူလိုင် ၂၁ ရက်၊ နံနက် ၂ နာရီ ကျော်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်တိုင်အမှတ် ၇၇/၁၄နှင့် ၇၇/၂၀ အကြား ရထားသံလမ်းပေါ်သို့ ရေအမြင့် ၂ ပေခွဲခန့် ရေကျော်မှု ဖြစ်ပေါ်ခဲ့သည်။

Pages