နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်း

Post date: 04/21/2017 - 19:49

နေပြည်တော် ဧပြီ ၂၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  China International Trust and  Investment Company (CITIC) Group ၏ ဥက္ကဋ္ဌ Mr. Chang Zhenming ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Post date: 04/12/2017 - 07:07
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေလူငယ်များစကားဝိုင်း(ငြိမ်းချမ်းရေးစကားဝိုင်း)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
Post date: 04/07/2017 - 23:08

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ Total ကုမ္ပဏီဥက္ကဋ္ဌ၊ Mr. Patrick Pouyanne နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

Post date: 04/07/2017 - 23:08

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် Global Commission on Drug Policy (GCDP) ၏ ဥက္ကဋ္ဌ ဆွစ်ဇာလန်နိုင်ငံ သမ္မတဟောင်း Ms. Ruth Dreifuss အား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

Post date: 04/06/2017 - 17:43

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Robert Justin Alexander Forsyth ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ခဲ့ပါသည်။

 
Post date: 04/05/2017 - 20:50

နေပြည်တော် ဧပြီ ၅

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

Post date: 03/31/2017 - 20:42

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်း အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာစကားပြောကြားသည်။

 
Post date: 03/30/2017 - 20:57

မတ်လ ၃၀ ၊ ၂၀၁၇

ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများအပေါင်းရှင်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ နိုဝင်ဘာလက ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်အရ ၂၀၁၆ ခုနှစ် ၃၀ ရက်နေ့ မတ်လမှာ နိုင်ငံ့ရဲ့ အစိုးရတာဝန်တွေကို စတင်ပြီးတော့ ထမ်းဆောင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်မတို့မှာ ပြည်သူလူထုကို အစီရင်ခံရမယ့် တာဝန်ရှိပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးနဲ့ တိုင်း/ ပြည်နယ် အစိုးရများအသီးသီးဟာ မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေ၊ မိမိတို့ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှု တွေနဲ့ မိမိတို့ရဲ့ အနာဂတ်အတွက် ရည်မှန်းချက်တွေကို တင်ပြပြီးဖြစ်ပါတယ်။

Post date: 03/30/2017 - 05:28

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ဘဏ်(World Bank)၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms.Victoria Kwakwa နှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

Post date: 03/29/2017 - 14:35

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားမည်

Pages