ပြည်သူ့လွှတ်တော်သတင်း

Post date: 08/16/2017 - 19:37

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၄၅)ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀) နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခုတင်သွင်းခြင်းနှင့် အစီရင်ခံစာ ၁ ခု ဆွေးနွေးအတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

 
Post date: 08/16/2017 - 17:45

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးအောင်ထွေးဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာ ဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 
Post date: 08/16/2017 - 16:41

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေး (FSWG) အဖွဲ့အားယနေ့ မွန်းလွဲ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 
Post date: 08/14/2017 - 21:08

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး(၄၄)ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀) နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း၊  ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတင်သွင်းခြင်းနှင့် အဆို ၁ ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Post date: 08/13/2017 - 20:09

ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ၏ ဩဝါဒကိုခံယူ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရန်ကုန်တိုင်းဒေသကြီး)နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် ဆွမ်းဆန်စိမ်းလှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီကရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ပြည် သာယာလမ်းရှိပရိယတ္တိ၊ ပရိပတ္တိသာသနာပြု မူလဆယ်တောင်ပြည့်ကျောင်း တိုက်၌ ကျင်းပသည်။

Post date: 08/10/2017 - 21:08

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီးတို့သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-Kyun နှင့်ဇနီး ဦးဆောင်သော ကိုရီးယားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 
Post date: 08/10/2017 - 18:57

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၄၂)ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၁)ခုတင်သွင်းခြင်း နှင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 
Post date: 08/07/2017 - 17:56

တွံတွေးမဲဆန္ဒနယ်ဦးမြင့်လွင်၏ မြို့နယ်တိုင်းတွင် အစိုးရနှင့်အရပ်ဖက်အဖွဲ့ အစည်းများ ပြည်သူများပူးပေါင်းသောစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သောဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကမှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

Post date: 08/07/2017 - 17:34

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်၊ House  Appropriations Committee ဥက္ကဋ္ဌ Hon. Mr. Rodney Frelinghuysen နှင့် အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

Post date: 08/04/2017 - 17:53

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး(၃၉)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို ၁ ခု ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ကြသည်။

Pages