ကာကွယ်ရေးဦးစီးချုပ် သတင်း

Post date: 04/22/2017 - 19:44

နေပြည်တော် ဧပြီ ၂၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ် General Volker Weiker ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန်  ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားကြသည်။

Post date: 04/13/2017 - 20:30

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦး စီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 
Post date: 04/07/2017 - 07:03

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိ်ပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

Post date: 04/04/2017 - 20:00

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံသံအမတ်ကြီး H.E.Mrs.Luan Thuy Duong အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Post date: 04/01/2017 - 07:27

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် မတ် ၃ဝ ရက် နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့သို့ရောက်ရှိပြီး ရေတပ်စခန်းဌာနချုပ် စိုက်ပျိုးမွေးမြူရေးခြံနှင့် ကိုကိုးကျွန်းပတ်လမ်းမှ ကြွက်ကျွန်းသို့ သွားသည့် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

Post date: 04/01/2017 - 07:17

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ) ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ) ၌ ပြုလုပ်သည့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise -Sea Shield 2017) ကို တာဝန်ရှိသူများနှင့်အတူ အကဲကြည့်စစ်ရေယာဉ် အောင်ဇေယျပေါ်မှ လိုက်ပါကြည့်ရှုအားပေးကြသည်။

 

Post date: 03/30/2017 - 08:19

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် (၁) စိုက်ပျိုးမွေးမြူရေး စခန်းသို့ ရောက်ရှိပြီး စိုက်ပျိုးမွေးမြူရေးစခန်းအတွင်းရှိ ခေတ်မီ အအေးပေးစနစ်ဖြင့် Novogen Brown ဥစားကြက်များ မွေးမြူထားရှိမှုအခြေ အနေများကို လိုက်လံ ကြည့်ရှုသည်။

Post date: 03/29/2017 - 13:57

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များက ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်ဆေးရုံ များအတွက် အလှူငွေပေးအပ်

Post date: 03/28/2017 - 08:35

နေပြည်တော် မတ် ၂၇

တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ လူငယ်လူရွယ်များရဲ့ နိုင်ငံကာကွယ်ရေးအတွက် စိတ်အားထက်သန်မှုဟာ အလွန်တန်ဖိုးရှိတဲ့ တိုင်းပြည်ရဲ့ အားပဲ ဖြစ်တယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိတယ်ဆိုတာ မမေ့ကြဖို့ ပြောလိုတယ်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောကြားသည်။
၂ဝ၁၇ ခုနှစ် (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်းကြီး၌ ကျင်းပစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြား လိုက်ခြင်းဖြစ်သည်။

Post date: 03/28/2017 - 08:29

နေပြည်တော် မတ် ၂၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သူရဲကောင်းဗိမာန် (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အဆိုပါနေရာ၌ ကျင်းပသည်။

Pages