မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရယူ ရန် လက်မှတ်ရေးထိုး

နေပြည်တော် ဧပြီ ၂၁

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်း (Myanmar Financial Development Project) အတွက် ကမ္ဘာ့ဘဏ်ထံမှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀ နှင့် ညီမျှသော SDR ၇၁ ဒသမ ၇၀၀ သန်းရယူနိုင်ရန် ဧပြီ ၁၁ ရက်က နေပြည်တော်ရှိ Kempiski Hotal  ၌ ချေးငွေစာ ချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၎င်းချေးငွေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဝန်ဆောင်ခ တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ (၆)နှစ်နှင့် ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်းချေးငွေသက်တမ်း ၃၈ နှစ်ဖြစ် ကြောင်းသိရသည်။

ယင်းချေးငွေရယူရန်  Financing Agreement ကို ကမ္ဘာ့ဘဏ်ကိုယ်စား Country Director ဖြစ်သူ Mr. Ulrich Zachau နှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းတို့ကလည်း ကောင်း၊ ထပ်ဆင့်ချေးငွေစာချုပ်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေတို့က လည်းကောင်း၊  Project  Agreement ကို ကမ္ဘာ့ဘဏ်ကိုယ်စား Country Director ဖြစ်သူ Mr. Ulrich Zachau နှင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေတို့က လည်းကောင်း လက်မှတ်ရေးထိုးကြကြောင်း၊ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ  ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ် ရေးဝန်ကြီးဌာတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘာ့ဘဏ်ကိုယ်စား  Country Manager ဖြစ်သူ  Mr.Abodoulaye Seck ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)