ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group ဥက္ကဌ နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၂၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group ဥက္ကဌ Mr. Chang Zhenming နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁  နာရီခွဲတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များ၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံကိန်းသည် ဒေသခံပြည်သူများအား အမှန်တကယ် အကျိုးပြုနိုင်ရေး နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုး ဖြစ်ထွန်းစေရေးဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်း ဆွေးနွေးကြသည်။ (သတင်းစဉ်)