ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၂ဝ

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၉ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၂၇၅ စီး၊ သွင်းကုန် ၁၁၆ စီး၊ ရန်ကုန်- မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ငါးစီး၊ သွင်းကုန် ၂၇ စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။

ထူးခြားသိမ်းဆည်းမှုအနေဖြင့် ဧပြီ ၁၉ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးစဉ် Myanmar National Airline ဖြင့် ဘန်ကောက်မှ မန္တလေးသို့ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသား ခရီးသည်ထံမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့် ''Parrot" Bebop 2 Drone (1) Set (ခန့်မှန်း တန်ဖိုးကျပ် သုည ဒသမ ၄သန်း) ခန့်အား တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)